လ - ဇွန် 2016

ကျွန်ုပ်တို့၏နာမည်သစ်

သူမကိုယ်သူမ `စိတ်ပူတတ်သူ´ဟု ခေါ်တတ်သော်လည် သူ့ကလေး ကားမတော်တဆမှု ဖြစ်ပြီးနောက်တွင် ထိုခေါင်းစဉ်မှ မည်သို့ လွတ်မြောက်နိုင်သည်ကို သင်ယူနိုင်ခဲ့သည်။ ကလေးက တစ်စတစ်စ ပြန်နာလန်ထူလာပြီး၊  သူက အပတ်စဉ်တိုင်း မိတ်ဆွေများနှင့် အတူ ဝေငှဆုတောင်း၍ ဘုရားရှင်ထံမှ မစမှုနှင့် အနာပျောက်ကင်းရန် တောင်းခံခဲ့သည်။ လအတန်ကြာမျှ သူ၏စိုးရိမ်ကြောက်လန့်မှုများကို ဆုတောင်းခြင်းအဖြစ် ပြောင်းလဲခဲ့ပြီးနောက် သူသည် စိုးရိမ် `ပူပန်တတ်သူ´ အဖြစ်မှ `ဆုတောင်းခြင်းသူရဲကောင်း´ အဖြစ်သို့ ပြောင်းလဲသွားကြောင်း သိလိုက်သည်။ ဘုရားရှင် သူ့ကို နာမည်အသစ် ပေးလိုက်သည်ဟု သူခံစားမိသည်။ ခရစ်တော် ထံ၌ရှိသော သူ၏ဖြစ်တည်မှုက  သူမလိုချင်သော နာကျင်ရုန်းကန်ရမှုများအားဖြင့် နက်ရှိုင်းလာခဲ့သည်။
ပေရဂံမြို့ရှိ အသင်းတော်သို့ သခင်ယေရှု ပေးလိုက် သောစာတွင် ဘုရားရှင်က ကျောက်ဖြူလက်ဖွဲ့ပေါ်၌ အက္ခရာ တင်သော နာမသစ်ကို ပေးမည်ဟု ကတိပေးခဲ့သည် (ဗျာ ၂း၁၇)။ ကျမ်းတတ်ပညာရှင်များသည်…

အဓိကဖြစ်သောအရာ

လူနှစ်ဦးသည် ထိုင်လျက် သူတို့၏စီးပွားရေးခရီးစဉ်နှင့် ရလဒ်များကို ပြန်လည် သုံးသပ် နေသည်။ တစ်ယောက်က  ဤခရီးစဉ်တွင်  စီးပွားရေးအရ အဆက်အသွယ် အသစ်များနှင့်  အဓိပ္ပာယ်ရှိသည့် ဆက်ဆံရေးကို စတင်နိုင်ခဲ့၍ အကျိုးရှိသည်ဟု သုံးသပ်သည်။  ကျန်တစ်ယောက်က ‘‘ဆက်ဆံရေးကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရောင်းအားက အဓိက အရေးကြီးဆုံး ဖြစ်တယ်’’ဟု ဆိုသည်။ ၎င်းတို့နှစ်ဦး၏ အစီအစဉ်က  လုံးဝကွဲပြားခြားနားကြောင်း သိသာထင်ရှားသည်။
ထိုနည်းအတိုင်းပင် စီးပွားရေး၌ဖြစ်စေ၊ မိသားစု၌ ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ၊ အခြားသူက မိမိကို မည်သို့ အကျိုးပေးမည်နည်းဟူသည့် အမြင်ဖြင့်ကြည့်ရန် လွယ် သည်။ ကျွန်ုပ်တို့သည် ခရစ်တော်နာမ၌ တစ်ပါးသူများကို မည်သို့ အစေခံနိုင်မည်နည်းဟု အာရုံပြုရမည့်အစား လူတို့ထံမှရနိုင်မည့်အရာကို မျှော်ကိုးကာ လူကို တန်ဖိုးထား ဆက်ဆံကြသည်။ ဖိလိပ္ပိမြို့သို့ ရှင်ပေါလုက ဤသို့ ရေးလိုက် သည်။‘‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်ဇောကိတ္တိကို တပ်မက်သောစိတ်ရှိ၍…

ပို၍ကောင်းသောအရာ

အိမ်အပြင်ဘက်တွင် အချက်ပေးဥဩသံများ ဆူညံနေသည်။ ထိုအသံကို မသိသည့်   သူငယ်လေးက ‘‘ဘာသံလဲ’’ဟု မိခင်ကို မေးလိုက်သည်။ သူမက ဒါဟာ အန္တရာယ်ရှိတဲ့ လေမုန်တိုင်းလာတော့မယ်လို့ သတိပေးတဲ့ အချက်ပေးသံပဲ။  တကယ်လို့ လူတွေက လုံခြုံတဲ့နေရာဆီ ပြေးမသွားဘူးဆိုရင် လေဆင်နှာမောင်းကြောင့် သေမှာဖြစ်တယ် ’’ ဟု ရှင်းပြသည်။ ထိုအခါ သူငယ်လေးက ‘‘အမေ၊ ဒါကဘာလို့ မကောင်းတဲ့ကိစ္စ ဖြစ်ရမှာလဲ၊   တကယ်လို့ သေသွားခဲ့ရင် လည်း
သခင်ယေရှုနဲ့ တွေ့ရမှာပဲလေ၊ မဟုတ်ဘူးလား’’ဟု ပြန်မေး  လိုက်သည်။
သေခြင်းတရားက ဘာမှန်း ကလေးများ နားမလည် ကြပါ။ သို့ငြား သေခြင်းနှင့်စပ်လျဉ်း၍ ရှင်ပေါလုက  သူရရှိ ခဲ့သော ဘ၀အတွေ့အကြုံများအရ ‘‘စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှာ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သောအကျိုးဖြစ်၏’’ (ဖိ ၁း၂၃) ဟူ၍ ရေးခဲ့ သည်။…

ထိုအကြောင်းကို ပြောပါ

၁၉၇၅ ခုနှစ်က ကျွန်တော့်ဘ၀တွင် ထူးခြားမှုတစ်ခု ဖြစ်ပျက်ခဲ့ရာ၊ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စများကို ပြောပြလေ့ရှိသောသူငယ်ချင်း ဖရန်စစ်ကို ရှာပြီး ထိုအဖြစ်အပျက်ကို ပြောပြရမည်။ သူ့ထံ ကျွန်တော်ရောက်သွားချိန်တွင် သူက အပြင်ထွက်ရန် အလျင်စလိုဖြစ်နေသည်။ သူက ကျွန်ုပ်ကို ကြည့်ပြီး သူ့အကြည့်က ကျွန်တော် အရေးကြီးသည့်ကိစ္စတစ်ခုခု ပြောစရာရှိနေ ကြောင်း ခံစားမိခဲ့ပုံရသည်။ ‘‘ဘာလဲ၊ ဘာပြောမှာလဲ’’ဟု သူက မေးသည်။  ‘‘မနေ့က ယေရှုထံ၊ ငါအသက်တာကို ပေးအပ်ပုံအပ်ခဲ့တယ်’’ ဟု ကျွန်တော် ရိုးရိုးလေး ပြောပြ လိုက်သည်။
ဖရန်စစ်က ကျွန်တော့်ကိုကြည့်ပြီး သက်ပြင်း ပြင်းပြင်းချကာ ‘‘ငါလည်း အဲဒီလိုအပ်နှံဖို့ စဉ်းစားခဲ့တာ  ကြာလှပေါ့’’ ဟုပြောကာ၊ အကြောင်းစုံကို မေးသည်။ ကျွန်တော်က မနေ့က လူတစ်ယောက် ကျွန်တော့်ကို ဧ၀ံဂေလိတရား  ပြောပြခဲ့ပြီး၊ ကျွန်တော် သခင်ယေရှုကို နှလုံးသားထဲသို့ ခေါ်ဖိတ်…

အသစ်ဖန်ဆင်းရန် ချိုးဖဲ့ခံရခြင်း

ဒုတိယကမ္ဘာစစ်အတွင်းကကျွန်တော့်အဖေသည် တောင်ပစိဖိတ်ရှိ အမေရိကန်တပ်တွင် အမှုထမ်းခဲ့သည်။ ထိုစဉ်က အဖေသည် မည်သည့် ဘာသာရေးအတွေးအခေါ်ကိုမဆို ငြင်းပယ်ပြီး ‘‘ငါဘာအကူအညီမှ မလိုဘူး’’ ဟုပြောခဲ့သည်။ သို့သော် သူ၏၀ိညာဉ်ရေးအမြင်
လုံးဝပြောင်းလဲသွားမည့် နေ့တစ်နေ့ ရောက်ရှိလာခဲ့သည်။ တတိယမြောက် ရင်သွေးကို မွေးဖွားရန် အမေမွေးခန်းထဲ ရောက်နေချိန်တွင် အစ်ကိုနှင့် ကျွန်တော်က ညီလေး (သို့) ညီမလေးအသစ်ကို မြင်ရ တော့မည်ဟု စိတ်လှုပ်ရှားမှုများဖြင့် အိပ်ရာဝင်ခဲ့သည်။ နောက်နေ့မနက် အိပ်ရာမှနိုးလာချိန်တွင် စိတ်လှုပ်ရှားလျက် ‘‘မိန်းကလေးလား၊ ယောက်ျားလေးလား’’ ဟု အဖေ့ကို မေးရာ၊ အဖေက ‘‘မိန်းကလေးပါ။ ဒါပေမဲ့ သူကို အသေ မွေးခဲ့တယ်’’ ဟု ပြန်ဖြေသည်။ ထိုဆုံးရှုံးမှုအတွက် ကျွန်တော်တို့ အတူတကွ ငိုကြွေးခဲ့ကြသည်။
အဖေသည် ကျိုးပဲ့ကြေမွသော သူ့နှလုံးသားကို ဆုတောင်းခြင်းဖြင့် သခင်ယေရှုထံ  ပထမဆုံးအကြိမ် ဆောင်ယူခဲ့သည်။ သမီးလေးကို အစားထိုး…

ရောမမြို့၏အလှဂုဏ်ကျက်သရေ

ရောမအင်ပါယာ၏ ဘုန်းတန်ခိုးဩဇာသည် သခင်ယေရှုမွေးဖွားခြင်းအတွက် ကျယ်ပြန့် ကြီးမားသော သမိုင်းနောက်ခံဖြစ်သည်။ ရောမတို့၏ ပထမဦးဆုံးဧကရာဇ် ကဲသာဩဂုတ္တုသည် နှစ် ၂၀၀ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို ဘီစီ ၂၇ တွင် အဆုံးသတ်စေခဲ့ပြီး၊ ပတ်ဝန်းကျင်မှ အပျက်အစီးများအား အထိမ်းအမှတ်ပြတိုက်၊ ဘုရားကျောင်း၊ အားကစားကွင်း၊ အစိုးရရုံး အဆောက်အအုံ များနှင့် အစားထိုး တည်ဆောက်ခဲ့သည်။ ရောမလူမျိုး သမိုင်းပညာရှင် Pliny the Elder မှတ်တမ်းအရ ကမ္ဘာ ပေါ်ရှိ ရှိသမျှ အဆောက်အအုံများအနက် ၎င်းတို့သည် အလှဆုံး အဆောက်အအုံ ဖြစ်သည်။
ထိုသို့ အလှတရားများ ရှိသော်လည်း Eternal City နှင့် အင်ပါယာသည် ရောမမြို့တော်ကျဆုံးသွားချိန်အထိ ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် ရာဇ၀င်တွင်ခဲ့သည်။ ထောင်ပေါင်းများစွာသောကျွန်၊ တိုင်းတစ်ပါးသားများ၊ တော်လှန်ရေးသမားများနှင့် တပ်ပြေးများသည် လမ်းဘေး သစ်တိုင်များပေါ်တွင် ကားစင်တင်သတ်ဖြတ်ခြင်း ခံခဲ့ရပြီး…

သင်၌ ရည်ရွယ်ချက် ရှိသည်

အနောက် တက္ကဆက်ပြည်နယ်၊ ပူပြင်းသော နေ့တစ်နေ့တွင် ကျွန်မတူမ ဗယ်နီးယား သည် ကားမောင်းလာရင်း မီးပွိုင့်၌ ဆိုင်းဘုတ်တစ်ခုကိုင်ပြီး ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့မိသည်။ သူမနှင့်နီးလာစဉ်  ‘‘ဆိုင်းဘုတ်မှာ ဘာရေးထားပါလိမ့်။ အစာ (သို့) ပိုက်ဆံ
တောင်းတာပဲဖြစ်မယ်’’ ဟု ထင်မိသည်။ သို့သော် ‘‘သင်၌ ရည်ရွယ်ချက်ရှိသည်’’ ဆိုသည့်
စာသားလေးကြောင့် အံ့အားသင့်သွားသည်။ ဘုရားရှင်သည် ကျွန်မတို့ တစ်ယောက်စီတိုင်းကို သူ့ရည်ရွယ်ချက်နှင့်သူ ဖန်ဆင်းခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ ဘုရား၏ဘုန်းတော် ထင်ရှားစေရန် အတွက်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် အခြားသူ တို့၏လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်သည်
(၁ ပေ ၄း၁၀-၁၁)။
ကလေးအမေတစ်ဦး၏ ရည်ရွယ်ချက်မှာ နှာရည် တစ်ရွဲရွဲနှင့် ကလေးငယ်အား နှပ်ညှစ်ပေးရင်း သခင်ယေရှု အကြောင်းပြောရန်ဖြစ်မည်။ စိတ်ကျေနပ်မှုမရှိသော အလုပ် ကို လုပ်ကိုင်နေရသည့် ၀န်ထမ်းတစ်ဦး၏ ရည်ရွယ်ချက်က သူလုပ်နေသောအလုပ်ကို…

ပင်ပန်းနွမ်းနယ်သူအတွက် ခွန်အား

နေသာ၍ လှပသော နေ့တစ်နေ့တွင် ပန်းခြံထဲ၌ လမ်းလျှောက်ရင်း လွန်စွာမှ စိတ်ပင်ပန်း စိုးရွံ့နေကြောင်း ခံစားရသည်။ ကိစ္စတစ်ခုတည်းသာမဟုတ်ဘဲ အရာအားလုံးက ကျွန်ုပ်ကို ဆွဲချနေသကဲ့သို့ ခံစားရသည်။ သို့နှင့် ခုံတန်းရှည်တစ်ခုတွင် ထိုင်မည်အပြု ‘‘ချစ်ခင်ရသော ခင်ပွန်း၊ အဖေ၊ အစ်ကိုနှင့် သူငယ်ချင်း’’ ဟူ၍ ရေးထိုးထားသော ကမ္ပည်းမှတ်တမ်းကို သတိထားမိသည်။ ‘‘ထာဝရဘုရားကို မျှော်လင့်သောသူတို့ မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ’’  (ဟေ ရှာ ၄၀း၃၁) ကျမ်းချက်ကိုပါ ရေးသားထားသည်။
ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် ထိုကျမ်းချက် အားဖြင့်
ဘုရားရှင် ကျွန်ုပ်ကို  စကားပြောခဲ့သည်။ ခန္ဓာ စိတ် ၀ိညာဉ် ပင်ပန်းနွမ်းနယ်မှုများကို ကျွန်ုပ်တို့ တစ်ယောက်စီတိုင်း ခံစား ရတတ်ပါသည်။ ကျွန်ုပ်တို့ ပင်ပန်းနွမ်းနယ်တတ်သော်လည်း၊ အစဉ်အမြဲ…

ကိုယ်တော် ကူမမူပါ

ကျွန်မသူငယ်ချင်းက ‘သူ ကလေးအမေ ဖြစ်တော့မည်’ ဟုပြောပြစဉ် သူ့အတွက် ကျွန်မ ၀မ်းသာခဲ့သည်။ ကလေးမွေးဖွားမည့် ရက်တိုင်အောင် အတူတကွ ရေတွက်ခဲ့ကြသည်။ သို့သော် မီးတွင်း၌ ကလေးက ဦးနှောက်ဒဏ်ရာ ရသွားသောအခါ ကျွန်မနှလုံး ကြေကွဲခဲ့ပြီး မည်သို့ ဆုတောင်းရမည်ကိုပင် မသိတော့ပါ။ ကျွန်မသိသည်က ဘုရားရှင်ထံ ဆုတောင်းသင့် ကြောင်းတည်း။ ကိုယ်တော်သည် ကျွန်မတို့၏အဘ၊ ကျွန်မတို့ ခေါ်သောအခါ နားညောင်းတော်မူသောပုဂ္ဂိုလ် ဖြစ်သည်။
ဘုရားရှင်သည် အံ့ဩဖွယ်နမိတ်လက္ခဏာများကို တတ်စွမ်းနိုင်ကြောင်း ကျွန်မသိသည်။ ယာဣရု၏သမီးလေးကို အသက်ပြန်ရှင်စေခဲ့ပြီး (လု ၈း၄၉-၅) ဘ၀တစ်လျှောက်လုံး သူခံစားနေရသော ရောဂါဝေဒနာကိုလည်း ပျောက်ကင်းစေ လျက် ကျန်းမာရသောအခွင့်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်မ သူငယ်ချင်း၏ ကလေးအတွက်လည်း ကျန်းမာခြင်း ဆောင်ကြဉ်း
ပေးရန် တောင်းလျှောက်ခဲ့သည်။
‘‘တကယ်လို့များ ဘုရားရှင်က မကျန်းမာစေဘူးဆိုရင် ဘယ်လိုလုပ်မလဲ’’၊ တန်ခိုးမရှိတာတော့ မဟုတ်ဘူး။…

ရိုးရှင်းသောဇာတ်လမ်းမဟုတ်

ဓမ္မဟောင်းခေတ် ပညတ်တော်များအရ ဘ၀ ရှင်သန်စရာက ရိုးရှင်းသည်။ ဘုရားစကား နားထောင်လျှင် ကောင်းချီးရမည်။ မနာခံပါက အခက်အခဲများကိုသာ မျှော်လင့်ထားပါ။ ၎င်းသည် ကျေနပ်စရာ အတွေးအခေါ်တစ်ခုဖြစ်သည်။ သို့သော် ဤမျှ ရိုးစင်းပါမည်လား။
အာသမင်းအကြောင်းသည်လည်း ထိုပုံစံနှင့် တူညီပုံရသည်။ မှားယွင်းသော ဘုရားကို သူ့လူမျိုးများ မကိုးကွယ်အောင် ဦးဆောင်လမ်းပြ ခဲ့စဉ်က နိုင်ငံတော် ချမ်းသာပြည့်စုံခဲ့သည် (၆ ရာ ၁၅း၁-၁၉)။ ထို့နောက် နန်းစံနှစ်နောက်ပိုင်းများတွင် ဘုရားသခင်ထက် မိမိကိုယ်ကို အားကိုးခဲ့သောကြောင့် ဘ၀တစ်လျှောက်လုံး စစ်ဘေးနှင့်အနာရောဂါများ ခံစားခဲ့ရသည် (း၁၂)။
၎င်းကို ကြည့်ပြီး နိဂုံးကောက်ချက်ချရန် လွယ်ပါသည်။ သို့သော် ပရောဖက်ဟာနန်က အာသမင်းအား ‘‘ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ ဘက်၌ ခိုင်ခံစွာနေ’’ (း၉)မည်ဟု သတိပေးခဲ့သည်။   စိတ်နှလုံး ခိုင်ခံ့မှုရှိအောင် မစအားပေးရန် အဘယ်ကြောင့် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော်…